အဆွေတော်လေးရေ
ဒီပို့ စ်လေးက အားလုံးဖတ်သင့်ဖတ်ထိုက်တဲ့ ပို့ စ်လေးမို့  တင်သင့်၊မတင်သင့် အတော်စဉ်းစားပြီး တင်လိုက်ပါတယ်။ ဒီလိုပါ ။ ကျွန်တော်တို့ ယောင်္ကျားလေးများ အများစုကြည့်တက်တဲ့ myammarsexy ဆိုဒ်တစ်ခုရှိပါတယ်။ အဲဒီဆိုဒ်ကနေ ကူးယူဖော်ပြပေးလိုက်တာပါ။ ယောင်္ကျားလေးတော်တော်များများလဲအဲဒီဆိုဒ်ကိုသိကြမှာပါ။ ဓါတ်ပုံကိုကတော့ ဒီဆိုဒ်ရဲ့ စည်းကမ်းချက်များနှင့် ညီအောင် ဆင်ဆာ ဆိုပြီး ပြင်ထားပါတယ်။ ဒါကလဲ ပုံမပါရင် ပေါ့ပေါ့ကြီး ဖြစ်နေမှာစိုးလို့ ပါ။ အဲဒီ ဆိုဒ်မှာ
ဒီပို့ စ်လေးသွားဖတ်မိတော့ ထိုဆိုဒ်ကိုတည်ထောင်ထားတဲ့သူရဲ့ စိတ်ဓါတ်ကိုလဲလေးစားမိပါတယ်။ ဒီလိုကိစ္စတွေ ပေါ်ပေါက်လာရတာလဲ ဘယ်သူ့ ကြောင့် ဘယ်ဝါကြောင့်လို့ ပြောနေကြမည့်အစား အားလုံးဆင်ခြင်ကြရင် လောကကြီးဟာ သာယာလှပလာမှာပါ။
ယခုမြန်မာယဉ်ကျေးမှုနယ်ပယ်မှာ ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ပြောဆိုနေကြတာဟာ ဗုဒ္ဓ၀ါဒ ကိုအခြေခံပြီး ပြောဆိုနေကြတာပါ။
အခုလို့  အပြုလုပ်ခံရတာဟာလဲ အကြောင်းတခုခုပါခဲ့လို့ ပါ။ ပြုသူကလဲ အဲဒီလုပ်ရပ်ကြောင့် နောက်ဘ၀ကို ကူးချင်မှကူးမှာပါ။
ဒီဘ၀မှာတင်ပြန်လည်ပြီး တိုက်ရိုက်မဟုတ်ရင်တောင် ကိုယ့်မှာ အစ်မ၊နှမတွေ ဒါမှမဟုတ် တချိန်ချိန်မှာ သားသမီးတွေရှိလာဦးမှာပါ။
အဲဒီတော့ ဒီဘ၀မှာလဲ အဲဒီလို ကိုယ်နဲ့ ပတ်သတ်သူတစ်ယောက်ယောက် ပြန်ကြုံလာတဲ့ အခါ ............ဘယ်လိုနေမလဲဆိုပြီး ဆင်ခြင်သင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင်နဲ့  အားလုံးထိန်းသိမ်းကြဖို့  ရည်ရွယ်ပြီး
စိတ်ကောင်းနှလုံးကောင်းလေးများထားပေးကြပါ(မိန်းခလေးများသတိ) ဆိုပြီးခေါင်းစဉ်တပ် တင်ပြလိုက်ရပါတယ်။ အလှဓါတ်ပုံရိုက်ဝါသနာပါတာက အများစုဟာ မိန်းခလေးတွေပါ။ (မိန်းခလေးများသတိ)လို့ ဆိုရပေသော်လည်း ယောင်္ကျားလေးများလဲ မြင့်မြတ်တဲ့ စိတ်ကောင်နှလုံးကောင်းမွေးမြူပြီး ပညာရပ်ကို ကောင်းမွန်တဲ့နေရာမှာ အသုံးချနိုင်ကြပါစေ။ မိန်းခလေးများလဲ ဓါတ်ပုံတွေကို အလွယ်တကူ မပေးမိစေဖို့ ဆိုဒ်တွေမှာ အလွယ်တကူမတင်မိစေဖို့  သတိရှိကြပါ။
မှတ်ချက်။ ။ပို့ စ်ကို မူရင်းအတိုင်း(ဓါတ်ပုံမှလွဲ၍)စားလုံးပေါင်းပါမပြင်ဘဲ ဖော်ပြပေးလိုက်ပါတယ်။

Original Photo (Above)

Fake Photo
စီဘောက်စ်မှာပြောသွားတဲ့သူကိုကျေးဇူးတင်ရမယ်။ ကံသီပေလို့။
ကျွန်တော်ကတင်သာတင်လိုက်တယ်။ သေချာမကြည့်လိုက်ဘူး။
ဒီပုံလဲဖြတ်ညှပ်ဆက်ပါဗျာ။ အခုတစ်လောဖြတ်ညှပ်ဆက်တွေအရမ်းများလာတယ်။
တမင်တကာများလိုက်လုပ်နေလားမသိ။
ဟိုတစ်ခါအတုနဲ့အစစ်ယှဉ်ပြောတုန်းကဓာတ်ပုံအတုမှာမျက်နှာအတပ်ခံရတဲ့ကောင်မလေး
ဆိုရင်သူ့အဖြစ်ကပိုဆိုးတယ်။ Friendsterတို့ Face Bookတို့မှာနာမည်တူအကောင့်ယူပြီးတော့
သူ့ပုံတွေပါတင်၊ပြီးရင်အိမ်လိပ်စာကောဖုန်းနံပတ်ပါရေးပြီးတော့မကောင်းတဲ့မိန်းကလေး
ခေါ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့တမင်သက်သက်အရှက်လိုက်ခွဲနေတယ်လို့သိရပါတယ်။
ရည်းစားကထားခဲ့လို့ဖြစ်ဖြစ်၊နှစ်ဦးသဘောတူလမ်းခွဲလို့ပဲဖြစ်ဖြစ်၊သူကပြန်မကြိုက်လို့ပဲဖြစ်ဖြစ်
ယောက်ျားလေးများအဖို့အဲဒီလိုနည်းနဲ့လိုက်လုပ်တာတော့မသင့်တော်ဘူးထင်ပါတယ်။
နောက်တစ်ခုကဒီနေ့မူဗီတစ်ခုကြည့်ရပါတယ်။ဒါပင်မယ့်ပြန်မတင်တော့ပါဘူး။
အခွေကတော်တော်ဆိုးပါတယ်။မိန်းကလေးတစ်ယောက်ထဲကိုယောက်ျားလေးသုံးယောက်
အတင်းအဓ္ဓမကျင့်နေတဲ့ပုံမျိုးပါ။မြန်မာဖြစ်ဖို့သေချာသလောက်ရှိပါတယ်။
ကောင်မလေးကပြည့်တန်ဆာလား၊ဒါမှမဟုတ်အပြင်ကလားမပြောတတ်ဘူး။
ပြောချင်တာကမိန်းကလေးပြည့်တန်ဆာဖြစ်ရင်တောင်အခုလိုမျိုးအတင်းအကျပ်
လုပ်တာမျိုးကတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။
တစ်နေ့နေ့မြင်နေတွေ့နေရတာတွေကလိုက်လို့ကိုမမှီတော့ဘူးဗျာ။
လူတွေလဲတိရစ္ဆာန်တစ်ပိုင်းဖြစ်နေကြပြီထင်ပါတယ်။
ကျွန်တော်ဒီစကားတွေပြောပြောနေရတာခွေးပါးစပ်ကနတ်စကားကထွက်သလိုမျိုးပဲ။
ကျွန်တော့်စိတ်ကတော့ရရင်တင်ပေးတယ်။ကြည့်ကြတယ်။
တောင်းဆိုလာရင်ဖျက်ပေးလိုက်တယ်။ပေါ့ပေါ့လေးပဲထားတယ်။
ဒီကြားထဲမျက်စိထဲအမြင်မတော်တာတွေရေးချင်လာရင်ရေးလိုက်တယ်။
ကျွန်တော်လုပ်သာလုပ်နေရတယ်။စိတ်လဲညစ်လာပြီ။
မိုးကျ။